ဇီးကုန်းမြို့နယ်တွင် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေး

ဇီးကုန်း   ဩဂုတ်  ၃၁

ပြည်သူများစားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ပြည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ()နာရီက ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အမှတ်()ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ရောင်းချပေးခဲ့သည်။

ပြည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဇီးကုန်းမြို့နယ် ဆီလုပ်ငန်းရှင် ဦးမောင်မောင်ဆွေတို့ ပူးပေါင်း၍  စားသုံးဆီ တစ်ပိဿာလျင် (၅၄၀၀) ကျပ်နှုန်းဖြင့် ဇီးကုန်းမြို့နယ်အတွင်းရှိ ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည်သူများစားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ ဈေးကွက်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ ပြည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍  ရောင်းချပေးခြင်း ဖြစ်ကြောင်း၊ နေ့လည်ပိုင်းတွင် အမှတ်()ရပ်ကွက်တွင် ရောင်းချပေးမည်ဖြစ်ကြောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)