မတ္တရာ ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကိုယ်ဝန်ဆောင်များအား အာဟာရထောက်ပံ့ခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဖြိုးအိဆွေမှ အာဟာရထောက်ပံ့ရခြင်း အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်သိန်းသိန်းနွယ်မှ ကိုယ်ဝန်ဆောင်များ ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ အစားအသောက်များတွင် အာဟာရပါဝင်မှုအကြောင်းသိကောင်းစရာများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကိုယ်ဝန်ဆောင်များအား အာဟာရများထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)