ဖျာပုံ သြဂုတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) များကို Software Program ရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကသြဂုတ်လ ၃၁နေ့ နံနက်ပိုင်းတွင်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်နှင့် တာဝန်ရှိသူများက ဖျာပုံမြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ-၆၆/၆) များကို Software Program ရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်က Software Program ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား၊ အသေးစိတ် ရှင်းလင်းခဲ့သည်။ ဖျာပုံမြို့နယ်အနေဖြင့် ပြည်သူတစ်ဦးချင်းကိုယ်ရေး အချက်အလက်များ မှန်ကန်စေရေး နိုင်(၄) မှတ်တမ်းများကို Software ရေးသွင်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အိမ်ထောင်စု ပမာဏ မူတည်ကိန်းအရ အိမ်ထောင်စုပေါင်း (၆၈၃၉၆)စုအား ရေးသွင်းရမည်ဖြစ်ပြီး နေ့ညမပြတ်အဖွဲ့ (၃)ဖွဲ့ ခွဲ၍ ဆောင်ရွက်လျက်ရှိရာ (၃၁-၈-၂၀၂၂) ရက်နေ့အထိ အိမ်ထောင်စု (၃၇၇၄၈)ပြီးစီးပြီး (၅၅.၂)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံး မှ သိရသည်။
အောင်ဝင်းနိုင်