သံဖြူဇရပ် စက်တင်ဘာလ ၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင် ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက ကျိုက္ခမီမြို့ အောင်ပင်လယ်ရပ်ကွက်ရှိ ပင်လယ်ပြင်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး (ကျိုက္ခမီမြို့တာဝန်ခံ) ဦးရှိုင်းထက်အောင်က မုန်တိုင်းသတိပေး အရေးပေါ်ထုတ်ပြန်ချက် (အညိုရောင်အဆင့်) သတင်းအား ကျေးရွာနေ ပြည်သူလူထုများ သိရှိနိုင်ရန် အသံချဲစက်ဖြင့် ကြေငြာပြီး ကြိုတင် ပြင်ဆင် သတ်မှတ်ထားသည့် ကုန်းမြင့်ပိုင်း ဘေးလွတ်ရာနေရာဖြစ်သည့် ဆင်ပုန်း(အ လ က)ကျောင်းသို့ ပြောင်းရွှေ့ကြရာ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများအား ကူညီ ရွှေ့ပြောင်းပေးခြင်း၊ ကျန်ရှိသူများကို ရှာဖွေကယ်ဆယ် ဆောင်ရွက်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးသူနာပြုစုစောင့်ရှောက်ခြင်းနှင့် ဆေးရုံ၊ ဆေးခန်းသို့ လူနာတင်ယာဉ်ဖြင့် ကူညီ ပို့ဆောင်ခြင်းများကို ဇာတ်တိုက် လေ့ကျင့်ခဲ့ကြသည်။
အဆိုပါ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခြင်းကို သံဖြူဇရပ်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦး ဆောင်၍ ကျိုက္ခမီမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဝင်း၊ ကျိုက္ခမီမြို့မရဲစခန်းမှ ရဲအုပ် သက်ဝေ၊ မြို့နယ် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၊ မြို့နယ်သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူ စုစုပေါင်း (၁၂၀)ဦးခန့် စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)