ရှမ်းရွာသစ် စက်တင်ဘာ ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသော Mini Museum ပြတိုက်ငယ်သို့ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/သူများက ယနေ့နံနက်ပိုင်းတွင် လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
ပြတိုက်ငယ် Mini Museum သို့ ကျောင်းသား/သူများ လာရောက်လေ့လာရာတွင် ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ပြတိုက်ငယ်တွင် ခင်းကျင်းပြသထားသော ကရင်တိုင်းရင်းသားယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများ၊ ကရင် တိုင်းရင်းသားတို့၏ လက်မှုအနုပညာပစ္စည်းများ၊ ကရင်ပြည်နယ်မှ ထွက်ရှိသော သဘာဝတွင်းထွက် များအကြောင်း၊ ကရင်တိုင်းရင်းသားတို့၏ လယ်ယာသုံးပစ္စည်းများအကြောင်းတို့ကို ရှင်းလင်းပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ပြီး သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)