တံတားဦးမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးနိုင်ရန်အတွက် ကျေးရွာ(၁၃)ရွာအား ချေးငွေများထုတ်ချေးပြီးစီး

တံတားဦး စက်တင်ဘာ  ၁

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မိုးရာသီကာလ တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေစေရန် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်‌ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာ(၁၃)ရွာမှ တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

မိုးစပါးတစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် တစ်သိန်းနှုန်းဖြင့် ယနေ့အထိ ကျေးရွာပေါင်း(၁၃)ရွာမှ တောင်သူ(၄၀၇)ဦး၏ မိုးစပါးစိုက်ပျိုးဧက(၅၆၇)ဧက၊ အခြားသီးနှံမျိုးစုံ (၁၆၃၆)ဧကတို့အတွက် ငွေကျပ်(၂၄၈၆၅၀၀၀၀)ဖြစ်ကြောင်း မြို့ နယ်မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ် မန်နေဂျာ ဒေါ်နီလာအေး ထံမှသိရသည်။

တံတားဦးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးပေးရန် လယ်မြေ(၇၅၀၀) ဧကနှင့် အခြားသီးနှံ(၂၃၇၅၀)ဧက လျာထားပါကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။

ရဲတင့်