ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်

ညောင်ဦး  စက်တင်ဘာ  ၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ညောင်ဦးခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၌ ယနေ့နံနက် ၉နာရီအချိန်မှစတင်ကာ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်ပွဲအား ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ရုံးခန်းမတွင်ဖွင့်ပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမြို့နိုင်(ဒုတိယညွှန်ကြားရေးမှူး)နှင့် ယွန်းပညာ ကောလိပ်(ပုဂံ)မှကျောင်းအုပ်ကြီး ဒေါနီလာမြင့်တို့က အဖွင့်အမှာစကားပြောကြားပြီး အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ယခုကဲ့သို့ အသက်မွေးဝမ်းကျောင်းနည်းပညာကာလတိုသင်တန်းများ ဖွင့်လှစ်ပေးခြင်းသည် မြို့ပြနှင့်ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစု ဝင်ငွေတိုးပွားစေရန်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ထူထောင်လာစေပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်ရည် ရွယ်ချက်များအား  ညောင်ဦးခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်သီတာထွန်း (လက်ထောက်ညွှန်ကြားရေးမှူး)က ရှင်းလင်းပြောကြားသည်။

အဆိုပါ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းအား စက်တင်ဘာ ၁ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ သင်တန်းသား ၂၀ ဦးဖြင့် တစ်လကြာဖွင့် လှစ်သွားမည် ဖြစ်ကြောင်းသိရပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးမြို့နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်း သား/သူများတက်ရောက်ခဲ့ကြောင်း၊ ညောင်ဦးခရိုင်အသေး စားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ညောင်ဦးခရိုင်အတွင်းရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းများကို ဥပဒေ၊ နည်းဥဒေများနှင့်အညီ စနစ်တကျမှတ်ပုံတင်ပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်းနည်းပညာကာလတိုသင်တန်းများ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကြေးမုံ