ချောင်းဆုံ စက်တင်ဘာ ၁
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၂-၂၀၂၃)ဘဏ္ဏာနှစ် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ကွမ်ရိုက်ကျေးရွာရှိ လယ်ယာကုန်ထုတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ဩဂုတ်လ (၃၀)ရက်နေ့ အထိ (၆၅)ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လယ်ယာကုန်ထုတ်လမ်း ကွန်ကရစ်လမ်း(၀/၁.၄)မိုင် အရှည်၊ (၉၃၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု (၆)လက်မရှိပြီး ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ်(၂၀ ဒဿမ ၈)သိန်းဖြင့် ထွန်းတစ်အောင်ကုမ္ပဏီက ၂၀၂၂ ခုနှစ် ဇွန်လ စတုတ္ထပတ်မှစ၍ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ဩဂုတ်လကုန်အထိ (၆၅)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီးဖြစ်ကြောင်း၊ လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေကို မော်လမြိုင်ခရိုင်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်ဦးနှင့် မြို့နယ်(ကျေး/လက်)ဌာန ဦးစီးအရာရှိ ဒေါ်စန်စန်းမော်နှင့် ဝန်ထမ်းများကျေးရွာရှိ လမ်းကော်မတီများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးနိုင်ရေးကိုလည်း တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီ တာဝန်ရှိသူအား တွေ့ဆုံမှာကြားပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)