သတင်းများ

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 01,2022
ကရင်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၉/၂၀၂၂)ကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က  ဘုန်းတော်ကြီးကျောင်းတိုက်များတွင် လိုအပ်လျက်ရှိသော ဆန်အိတ်များနှင့် လှူဖွယ်ပစ္စည်းများ ထောက်ပံ့လှူဒါန်း
Sep 01,2022
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထားဝယ်ခရိုင်၊  သရက်ချောင်းမြို့နယ်အတွင်းရှိ သံဃာ(၂၅)ပါးအထက်ရှိ ဘုန်းတော်ကြီးကျောင်း တိုက်များတွင် လိုအပ်လျက်ရှိသော ဆန်အိတ်များနှင့် လှူဖွယ်ပစ္စည်းများကို ယနေ့နံနက်ပိုင်း တွင်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူငယ်များ အသက်မွေးဝမ်းကြောင်းအထောက်ကူပြုဆိုင်ရာ ဇာထိုး၊ ပန်းထိုးသင်တန်းဆင်းပွဲပြုလုပ်
Sep 01,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်ကာ ကျေးလက်နေလူငယ်များ အသက်မွေးဝမ်းကြောင်းအထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ဖွင့်လှစ်ခဲ့သော ဇာထိုး၊ ပန်းထိုးသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။
ကလောမြို့နယ်၌ (မိုး)နေကြာသီးနှံစံကွက် ရိတ်သိမ်း
Sep 01,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စုအတွင်း စိုက်ပျိုးထားသည့် ဆင်းရွှေကြာ ၂၊ (မိုး) နေကြာစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က ကွင်းအမှတ်(၈-က)၊ ကွင်းအမည်- နွားပြာကွင်း၊ ဦးပိုင်အမှတ် (၄၁)၊ ဧရိယာ(၁.၆၁)ဧကရှိ စိုက်ခင်းမှ စံကွက်အရွယ်အစား (၀.၁၀)ဧက၊ (သင့်) ကိုယ်စားပြုစံကွက်ကို တောင်သူဦးအောင်ပြူး၏ စိုက်ခင်းတွင် ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဇေယျာသီရိမြို့နယ်ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ
Sep 01,2022
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ဇေယျာသီရိမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကို ယမန့်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာရှိ ကွင်းအမှတ် ၁၆၁၉ ကွင်း၌တွေ့ဆုံခဲ့သည်။
နမ့်ခမ်းမြို့၌ တအာင်းတိုင်းရင်းသားစာပေနေ့ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်နေ့ အခမ်းအနားကျင်းပ
Sep 01,2022
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် သြဂုတ်လ(၃၀)ရက်နေ့ ကျရောက်ခဲ့သည့် တအာင်းတိုင်းရင်းသား စာပေနေ့ နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန် အမှတ်(၁၃) ရပ်ကွက်၊ သာယာကုန်းရပ်ကွက်ရှိ နမ့်ခမ်းမြို့ တအာင်းစာပေနှင့်ယဉ်ကျေးမှုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Sep 01,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ် အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ ပေးနေလျက်ရှိရာ ယမန်နေ့က မြို့နယ်ရုံးဝန်ထမ်းများက အ.ထ.က (ညောင်ပင်သာ)၊ အ.ထ.က(သကြားစက်)နှင့် သကြားစက်ရုံ ဝန်ထမ်းများအား သွားရောက်ငှားရမ်းပေးကြသည်။
ထန်းတပင်မြို့နယ်၌ ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အဆင့်မြင့်)အပ်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ
Aug 31,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတို့ပူးပေါင်း၍ ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အဆင့်​​မြင့်)အပ်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။