တန့်ယန်း စက်တင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်၌ တည်ထားသည့် ဉာဏ်တော် ၁၀၈ ပေရှိ အောင်တော်မူစေတီတော်ကြီး၏ ရွှေထီးတော်အား ရွှေသင်္ကန်းမျက်ပါးလွှာ ထပ်မံဆက်ကပ်နိုင်ရန်အတွက် ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိဌာနဆိုင်ရာများက ယနေ့နံနက် ၁၀ နာရီတွင် အလှူငွေများကို ဆက်ကပ်လှူဒါန်းကြသည်။
အဆိုပါ အလှူငွေများ ဆက်ကပ်လှူဒါန်းခြင်းတွင် အောင်တော်မူစေတီတည်ဆောက်ရေးကော်မတီ သြဝါဒစရိယဆရာတော် ဘဒ္ဒန္တကုသလ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ထံ တန့်ယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် တာဝန်ရှိသူများ၊ တန့်ယန်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာအကြီးအကဲများက တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့မှ ဌာနဆိုင်ရာများ၊ ရပ်ကွက်များမှ စေတနာရှင်များ၏ လှူဒါန်းငွေ စုစုပေါင်းသိန်း(၁၃၀)ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)