ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၁၆၈)ရပ်ကွက်၊ ရိုးမရိပ်သာသို့ ယမန်နေ့နံနက် (၁၁:၅၀)နာရီက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ဥပဒေချုပ် ဦးဌေးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးညီညီမင်း၊ တိုင်းဒေသကြီးကျန်းမာရေး ဦးစီးမှူး ဒေါက်တာထွန်းမင်းတို့ လာရောက်စစ်ဆေးခဲ့သည်။၊
အဆိုပါတွေ့ဆုံပွဲသို့ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြိုနယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များက ကြိုဆိုခဲ့သည်။
ရှေးဦးစွာဝန်ကြီးချုပ် က မှာကြားရာတွင် ကိုဗစ်စင်တာရှိ အဆောက်အဦများ လုံခြုံရေး၊ စင်တာရှိပစ္စည်းများစာရင်း စနစ်တကျပြုစုထားရှိရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးများ ဆောင်ရွက်ထားရှိရန်၊ ကုသရေးအဆောင်တိုက် (၃)လုံး ပြန်လည်ဖွင့်လှစ်ရေးနှင့် သန့်ရှင်းရေးဆောင်ရွက်ရန်၊ Oxygen Plant စက်ရုံ၏ သန့်ရှင်းရေးနှင့်စက်ကြံ့ခိုင်ရေးပြုလုပ်ရန်၊ စက်အလှူရှင် မြန်မာ့အားမာန်စီးပွားရေးလုပ်ငန်းရှင်များ အသင်းနှင့် ဆက်သွယ်ဆောင်ရွက်ရန်၊ CCTV တပ်ဆင်ဆောင်ရွက်ရန်၊ လုံခြုံရေးဆောင်ရွက်ရန်၊ (၅.၉.၂၀၂၂)ရက်နေ့တွင် ကိုဗစ်ကုသရေးစင်တာ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ (ပြန်/ဆက်)