ကျိုက်ထိုခရိုင်၊ ခရိုင်တရားရုံးဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်လှစ်ပွဲအခမ်းအနားကျင်းပ

ကျိုက်ထို စက်တင်ဘာ ၁

ကျိုက်ထိုခရိုင်တရားရုံး ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁ ရက် နံနက် ၈နာရီခွဲတွင် ကျိုက်ထိုမြို့တောင်သူစုရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ယခင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)  ရုံးဝင်း၌ ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်းနှင့် တက်ရောက်လာသူများက ကျိုက်ထိုခရိုင်တရားရုံး ဆိုင်းဘုဒ်အား အမွှေးနံ့သာရည်များ ပက်ဖြန်း၍ ကျိုက်ထိုခရိုင် တရားရုံးကို ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါခရိုင်တရားရုံးဖွင့်ပွဲသို့ ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်း၊ ကျိုက်ထိုခရိုင် ဒုတိယရဲမှူး ထွန်းဇော်ဦး၊ ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုး၊ အဖွဲ့ဝင်ဗိုလ်မှူး ပြည်ထွန်း၊ ကျိုက်ထိုမြို့နယ်ယာယီ ရဲတပ်ဖွဲ့မှူး ဇော်ဇော်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်တရား ရုံးဝန်ထမ်းများ၊ ဥပဒေရုံးဝန်ထမ်းများ၊ တက်ရောက်ခဲ့ပြီး ကျိုက်ထိုခရိုင် တရားရုံးအား စက်တင်ဘာလ ၁ ရက်နေ့နံနက်ပိုင်းမှ စတင်ကာတရား‌ ရေးကိစ္စရပ်များအားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်/ဆက် (ကျိုက်ထို)