ချောက်မြို့နယ်တွင် ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေး

ချောက် ​စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်​ပေးလျက်ရှိရာ ယ​နေ့နံနက် ၉ နာရီအချိန်က ​မြို့​ပေါ်အမှတ်(၄) အ​ခြေခံပညာ​အထက်တန်း​ကျောင်း၌ အသက်(၁၀)နှစ်နှင့်အထက်​ ကျောင်းသား၊​ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေး ကတ်များ ဆောင်ရွက်​ပေးလျက်ရှိ​ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ​ချောက်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်​ဇော်တင့် ကြီးကြပ်မှုဖြင့် ဒု-လဝကမှူး ဦးအောင်ထွန်းလင်းနှင့် ဝန်ထမ်းများက အမှတ်(၄)အ​ခြေခံပညာ အထက်တန်း​ကျောင်းရှိ အသက် (၁၀)နှစ်နှင့်အထက်​ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၅၀) ဦးအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် မပျောက်ပျက်အောင် ထိန်းသိမ်းရမည့် နည်းလမ်းများ ကိုလည်းသိရှိစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ လူမှုဘဝပြည့်စုံစေရန် ကိုင်ဆောင်သင့် ကိုင်ဆောင်ထိုက်သည့်ကတ်ပြား တစ်မျိုးမျိုးရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များအား ရပ်ကွက်/ကျေးရွာများ၊ အခြေခံပညာကျောင်းများအထိ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)