ပေါက်တော စက်တင်ဘာ ၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူကလေးများအား ယနေ့ နံနက်ပိုင်းက ရုပ်ပုံပြပုံပြောခြင်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူကလေးငယ်များ အားလပ်သည့်အချိန်များတွင် စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာကြစေရန် ခေါင်တူးစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစု သည့် "သူငယ်ချင်းကောင်း" ရုပ်ပြပုံပြင်စာအုပ်အား ရုပ်ပုံပြ ပုံပြောခြင်းပြုလုပ် ဆောင်ရွက်ပေးကာ စာအုပ်ပါ အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများနှင့် ပျော်ရွှင်စွာ အပြန်အလှန် အမေးအဖြေပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့်အလေ့အကျင့်ရရှိစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ကြစေရန် ရည်ရွယ်၍ အားလပ်သည့်အချိန်များတွင် ရုပ်ပုံပြ ပုံပြင်ဖတ်ပြခြင်းနှင့် ပုံပြင်ပြောပြခြင်းများ၊ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ အပတ်စဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)