ကျီခါး၌ မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်များ စတင်ဖွင့်လှစ်ဆောင်ရွက်

ကျီခါး သြဂုတ် ၃၀

ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ကိုဗစ် ၁၉ ရောဂါ BA-4, BA-5 ဖြစ်ပွားမှုများ ပြန်လည် များပြားလာခြင်း၊ ရောဂါကြောင့် နေ့စဉ်သေဆုံးမှုရှိနေခြင်း၊ အိမ်နီးချ​​င်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ရောဂါဖြစ်ပွားမှုများပြားနေခြင်း၊ မြန်မာနိုင်ငံတွင်လည်း နေ့စဉ်ပိုးတွေ့မှုများ ရှိနေခြင်းတို့ကြောင့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်နှင့် ထိပ်စပ်နေသည့် အိန္ဒိယနိုင်ငံနှင့် နယ်စပ်ဝင်ပေါက်ဂိတ် ဖြစ်သည့် ကျီခါးမြို့ ခင်မန်းကျေးရွာဂိတ်၌ ပြည်တွင်း/ပြည်ပမှ အဝင် အထွက် သွားလာသူများကို RDT Test kid ဖြင့် ရောဂါကာရှာဖွေစစ်ဆေးခြင်းကို သြဂုတ် ၃၀ ရက် နံနက်ပိုင်းမှစ၍ စတင်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်မှုအခြေအနေများကို ကျီခါးမြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ဒေါ်နှီရ်စင်ပါရ်

ကျီခါး (ပြန်/ဆက်)