ကျေးလက်နေ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဖွင်လှစ်

ကျိုက်မရော  စက် တင်ဘာ  ၁

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက် အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်လှစ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက နတ်စမ်းစံပြကျေးရွာရှိ ဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ မွန်ပြည်နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး  ဦးဝင်းနိုင်က သင်တန်းဖွင့်အမှာစကားပြောကြားရာ၌  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် ကျေးလက်နေ အမျိုးသမီးငယ်များ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် မိသားစုဝင်ငွေ တိုးပွားစေရေးကို ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး  ဒေါ်အိကလျာနိုင်က သင်တန်းတွင် စာတွေ့လက်တွေ့ သင်ကြားပေးမှုများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ကျေးလက် ဒေသဖွံဖြိးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစိုးက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ အချက်အလက်များကို ရှင်းလင်းပြောကြားရာတွင်  သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပေးသော အတတ်ပညာများကို စဉ်ဆက်မပြတ်လေ့လာပြီး လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချ နိုင်သည့်အထိ သင်ကြားကြစေလိုကြောင်း သင်တန်းတွင် ထူးချွန်ဆုများ ချီးမြှင့်ပေးမည် ဖြစ်သဖြင့် ကြိုးစားသင်ကြားကြရန် ဆွေးနွေးခဲ့သည်။

ဆက်လက်၍ စက်ချုပ်သင်တန်းတက်ရောက်ကြမည့် သင်တန်းသူများအား ပြည်နယ်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများကို တစ်ဦးချင်းထောက်ပံ ပေးအပ်ခဲ့သည်။

အဆိုပါအပ်ချုပ်စက် သင်တန်းသို့. ကျိုက်မရောမြို့နယ်အတွင်းရှိ နတ်စမ်းစံပြကျေးရွာမှ  သင်တန်းသူ (၁၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို စာတွေ့လက်တွေ့ နှစ်မျိုးဖြင့်  စက်တင်ဘာ တစ်ရက်မှ  အောက်တိုဘာ ၁၅ရက် ထိ (၄၅)ရက်ကြာ သင်ကြားပို့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)