သတင်းများ

သာစည်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၂)ဖွင့်လှစ်
Sep 05,2022
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးကြပ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်ပညာနှင့်ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို ကျွမ်းကျင်စွာတတ်မြောက်စေရန်  အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာန၌ ပြုလုပ်ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပ
Sep 05,2022
ပျော်ဘွယ်မြို့နယ်ရှိ စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ စာရေးသူ မင်းသန့် (ဒဿန) ရေးသားသည့် ထီးကလေးလိုသမီးလေး စာအုပ်အားစာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့နယ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အထိ  သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေး
Sep 05,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အသက် (၉) နှစ်မှ (၁၀) နှစ် အထိ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများတွင် ကွင်းဆင်၍ ထိုးနှံပးလျက်ရှိကြောင်း သိရသည်။
ငရုတ်ကောင်းမြို့၌ Door to Door စနစ်ဖြင့် ရပ်ကွက်၊ ကျေးရွာများသို့ အိမ်ထောင်စုစာရင်းများ ကွင်းဆင်းကောက်ယူဆောင်ရွက်
Sep 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာအုပ်စု၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငရုတ်ကောင်း မြို့ရုံးမှ တာဝန်ရှိသူများက Door to Door စနစ်ဖြင့် အိမ်ထောင်စု စာရင်းများ ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့က သွားရောက်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၃၂) အခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Sep 05,2022
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တံခွန်တိုင်ရပ်ကွက်၊ အမှတ်(၃၂)အခြေခံပညာအထက် တန်းကျောင်း၌  ယနေ့နေ့လယ် ၁  နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ
Sep 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ ရဲမြင့် (စွန့်ဦးတီထွင်) ရေးသားထားသော “ကိုယ်ကျင့်တရား”စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နေ့လယ်ပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကျုံပျော်မြို့တွင် အခြေခံစားသောက်ကုန် (၄)မျိုးကို (၄၀၀၀) ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့
Sep 05,2022
ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဆန်နှင့် အခြေခံ စားသောက်ကုန် (၄)မျိုးကို (၄၀၀၀)ကျပ်ဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် ခရိုင်၊ ကျုံပျော်မြို့နယ်၊ အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက် ၇ နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မိတ္ထီလာမြို့ပေါ်ရှိ ရပ်ကွက်နှစ်ခုသို့ သောက်သုံးရေပိုမိုပေးနိုင်ရေးနှင့်  ရေတိုင်များ တိုးချဲ့ တပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိသော မြို့ပြရေပေးရေးလုပ်ငန်းများ ၅၀ ရာခိုင်နှုန်းပြီးစီး
Sep 05,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ပေါ်ရှိ ရပ်ကွက်နှစ်ခုသို့  သောက်သုံးရေပိုမိုပေးနိုင်ရေးနှင့် ရေတိုင်များ တိုးချဲ့တပ်ဆင်နိုင်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၁၇၂ သန်းကျော်ဖြင့် ဆောင်ရွက်လျက်ရှိသော မြို့ပြရေပေးရေးလုပ်ငန်း များမှာ ၅၀ ရာခိုင်နှုန်း ပြီးစီပြီဖြစ်ကြောင်း Great Memory ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။