သတင်းများ

ရန်ကင်းမြို့နယ်တွင် အခြေခံပညာအဆင့် ကျောင်းသား / သူများ (၄၄၅) ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး sinopharm ဒုတိယအကြိမ် ထိုးနှံပေး
Jul 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ် အတွင်းရှိ အခြေခံပညာ ကျောင်းသား/သူ(၄၄၅)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ် ၁ ရပ်ကွက်၊ ရန်ကင်းပညာရေး ကောလိပ် (လေ့ကျင့်ရေးအလယ်တန်းကျောင်း) ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Jul 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြော ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အ-ထ-က(ရွှေသောင်ယံ)တွင် သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ
Jul 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ-ထ-က(ရွှေသောင်ယံ)တွင် ယနေ့ နံနက် (၉)နာရီအချိန်က သံဃာတော် အရှင်သူမြတ် (၅)ပါးပင့်ဆောင်၍ ဆရာတော်များထံမှ ဩဝါဒခံယူခြင်း၊ ပရိတ်တရားတော်များ နာကြားခြင်း၊ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း စသည်ဖြင့် ဆောင်ရွက်ခဲ့ကြသည်။
အိမ်မဲမြို့နယ်တွင် Geographical Information System (GIS) နည်းပညာ အသုံးပြု၍ ရပ်ကွက်၊ ကျေးရွာတည်နေရာ (Point)များ ကောက်ယူလျက်ရှိ
Jul 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား မြို့နယ်ဦးစီးမှူးရုံးမှ ရပ်ကွက်၊ ကျေးရွာများတွင် Geographical Information System (GIS) နည်းပညာအသုံးပြု၍ တည်နေရာ (Point)များကို ယနေ့နံနက်ပိုင်းတွင် ဆက်လက် ကောက်ယူလျက်ရှိကြောင်း သိရသည်။
မိုင်းရယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး
Jul 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို
ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်မိုးစပါးဧက ၃၄၇၀၀ ကျော် စိုက်ပျိုးပြီးစီး
Jul 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရန် (၄၆၇၅၄) ဧကစိုက်ပျိုးရန်လျာထား ဆောင်ရွက်လျက်ရှိပြီး၊ ယခုဇူလိုင်လဆန်းအထိ မိုးစပါး (၃၄၇၃၂) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ငပု​တောမြို့နယ်တွင် (GIS)နည်းပညာဖြင့် ရပ်ကွက်/ကျေးရွာ တည်နေရာပြ (Point) စတင်ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ယမန်နေ့ နံနက်ပိုင်းတွင် (GIS)နည်းပညာဖြင့် တည်နေရာ (Point) စတင် ကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
သိန္နီမြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို အသိပညာပေးဆွေးနွေးပွဲ(Talk Show) ရိုက်ကူးထုတ်လွှင့်
Jul 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က (၇၅)နှစ်မြောက် အာဇာနည်နေ့အကြို အသိပညာပေးဆွေးနွေးပွဲ