သတင်းများ

ရေတာရှည်မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dos ဆက်လက်ထိုးနှံပေး
Sep 06,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ ပညာရေးကို ကျန်းမာပျော်ရွှင်စွာ သင်ကြားနိုင်ရန် ရည်ရွယ်၍ အသက် (၁၂) နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dos ကို ယနေ့နံနက် (၉:၃၀)နာရီအချိန်ခန့်က စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ အရှည်‌ပေ(၃၀၀၀)ရှိ ရေပိုက်လိုင်းအား အစားထိုးလဲလှယ်ဆောင်ရွက်
Sep 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်ရပ်ကွက်၊ ဓမ္မစေတီလမ်း(လင့်လမ်းမှကမ္ဘာအေးဘုရားလမ်းထိ)အရှည်‌ပေ (၃၀၀၀)ရှိသော ရေပိုက်လိုင်းအဟောင်းအား မြို့နယ်အင်ဂျင်နီယာရေနှင့်သန့်ရှင်းမှုဌာနမှ ရေပိုက်လိုင်းသစ်ဆောင်ရွက်ခြင်းကို ယမန့်နေ့က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာအဖွဲ့နှင့် အသေးစားစက်မှု လက်မှုလုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပ
Sep 06,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း လုပ်ငန်းရှင်များဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာအဖွဲ့နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ဆောင်ရွက်ပေး
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မရမ်းချိုကျေးရွာအုပ်စု၊ မရမ်းချိုကျေးရွာနှင့် ပျဉ်းမထုံးကျေးရွာအုပ်စု၊ ချင်းကုန်းကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်း (၅)ကြောင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ကျေးရွာအရောက် ဆောင်ရွက်ပေးလျက်ရှိကြသည်။
သူငယ့်ချောင်ကျေးရွာအုပ်စုတွင် တတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးကွင်းဆင်းထိုးနှံ
Sep 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကိုလျော့နည်းစေရန်ရည်ရွယ်၍
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့် ပြည်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတို့အား ကြည့်ရှုစစ်ဆေး
Sep 06,2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့မွန်းလွဲ ၁ နာရီ က ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံးနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံတို့အား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဝန်ထမ်းရေးရာနှင့် ဌာနလုပ်ငန်းဆိုင်ရာများကို လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁၂/၂၀၂၂) ကျင်းပ
Sep 06,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေး အမှတ်စဉ်(၁၂/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။