သတင်းများ

ကော့မှူးတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူအကျိုးပြုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီကတောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မြောင်းမြမြို့ရှိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ကျန်ခဲ့သူများမရှိစေရန် စိစစ်ထိုးနှံပေး
Sep 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ကာကွယ်ဆေးထိုးနှံမှု ကျန်ခဲ့သူများမရှိစေရန်အတွက် အခြေခံပညာကျောင်းများတွင် စိစစ်ထိုးနှံ​ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့၌ ပဲတီစိမ်းသီးနှံဈေးနှုန်းကောင်းသဖြင့် စိုက်ပျိုးသူများအဆင်ပြေ
Sep 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်းသီးနှံ(၁၂၆၉၃)ဧက စိုက်ပျိုးခဲ့ပြီး ဈေးနှုန်းကောင်းသဖြင့် စိုက်ပျိုးသူများ အဆင် ပြေလျက်ရှိကြောင်းနှင့် ပဲတီစိမ်းသီးနှံ တစ်တင်း(၅၉၃၀၀)ကျပ်ရောင်းချရကြောင်း ပွတ္တိုင်ကျေးရွာမှ တောင်သူဦးအောင်ကျော်မြင့်က ပြောပြသည်။  
မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုဆိုင်ရာအသိပညာ​ပေး Talk Show ကျင်းပ
Sep 05,2022
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်​နေ့တွင်ကျ​ရောက်မည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်​ရေး​နေ့ အထိမ်းအမှတ်အဖြင့် ရန်ကုန်တိုင်း​​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက် ၁၀:၀၀ နာရီက စာ​​ရေးဆရာမ​ပေါက်​​ပေါက်နှင့် လူကုန်ကူးမှုဆိုင်ရာအသိပညာ​ပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း Software Program ထည့်သွင်းခြင်းလုပ်ငန်းများ လျာထားချက်အတိုင်း အချိန်မီပြီးစီးရေး နေ့စဉ်ဆောင်ရွက်
Sep 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက် နေမှုလုပ်ငန်းအား လျာထားချက်အတိုင်း အချိန်မီပြီးစီးရေးကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇလွန်မြို့၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ် အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဆုံကုန်းကျေးရွာအုပ်စုနှင့် အထွဋ်ကျေးရွာအုပ်စု ကြာမန်း ကျေးရွာတို့တွင် စက်တင်ဘာ ၃ ရက်နေ့ နံနက်(၁၀) နာရီတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
လသာမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါတားဆီးကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Sep 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကာကွယ်တားဆီး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ် ၄ ရပ်ကွက်အတွင်း ကိုဗစ်ရောဂါမျိုးရိုးဗီဇပြောင်း စောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့်
ရန်ကုန်-ပုသိမ်လမ်းမကြီး၊ သီတာအေးတာဆုံတွင် ယာဉ်မီးလောင်မှုလျော့နည်းကျဆင်းစေရေးနှင့် မီးလောင်မှုဖြစ်ပွားပါက ချက်ခြင်းတုန့်ပြန်မီးငြှိမ်းသတ်နိုင်စေရေးအသိပညာပေး
Sep 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းမကြီး၊ သီတာအေးတာဆုံတွင် စက်တင်ဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ယာဉ်များမီးလောင်မှုလျော့နည်းကျဆင်းစေရေးနှင့် မီးလောင်မှုဖြစ်ပွားပါက ချက်ခြင်းတုန့်ပြန်မီးငြှိမ်းသတ်နိုင်စေရေးတို့ကို တာဝန်ရှိသူများကအသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။