သတင်းများ

ဒေးဒရဲမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်
Sep 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေး ကျေးရွာများရှိ ပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁) နာရီက လေးအိမ်တန်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၂) ဈေးအတွင်း နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ဆောင်ရွက်
Sep 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသူ၏ ဦးဆောင်မှုဖြင့် အမှတ်(၈)ရပ်ကွက် အမှတ် (၂)ဈေးအတွင်း ယနေ့နံနက် (၈:၀၀)နာရီက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ၊ ဈေးရောင်းချသူများ၊ ပြည်သူများ နေအိမ်မှပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်တတ်သည့် အလေ့အထများကို သိရှိလိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍ နှာ‌ခေါင်းစည်း တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ကြောင်း သိရသည်။
မိုင်းယုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် အခမဲ့ဝန်ဆောင်မှုပေး
Sep 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ယနေ့နံနက်ပိုင်းက စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခြင်းများဆောင်ရွက်ခဲ့သည်။
ပုလောမြို့နယ်၌  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Sep 07,2022
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၂ နာရီ က ပုလောမြို့ အထက(၂) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့နယ် တောပြာကြီးကျေးရွာတွင် (Cash For Work)စီမံကိန်းဖြင့် အကောင်အထည် ဆောင်ရွက်သည့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Sep 07,2022
ကရင်ပြည်ယ် ၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တောပြာကြီးကျေးရွာတွင်အကောင်အထည်ဖော်ဆောင်ရွက်သည့်(Cash For Work) စီမံကိန်းဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများအား ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့တွင် ကျောင်းကျန်းမာရေး လှုပ်ရှားမှု အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်
Sep 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကျောင်းကျန်းမာရေး လှုပ်ရှားမှုအနေဖြင့် ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီက ဆက်လက်ဆောင်ရွက်ခဲ့သည်။
ကလိန်အောင်မြို့တွင် မိသားစုတစ်နိုင်တစ်ပိုင် ကီလိုမာလကာ စိုက်ပျိုးခြင်းဖြစ် နေ့စဉ်အပိုဝင်ငွေရရှိ
Sep 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်‌အောင်မြို့တွင် မိသားစုတစ်နိုင်တစ်ပိုင် ကီလိုမာလကာစိုက်ပျိုးခြင်းဖြစ် နေ့စဉ်ပုံမှန်ဝင်‌ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။