ညောင်တုန်းမြို့တွင် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းဖြင့်ရောင်းချ

ညောင်တုန်း စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ မြို့နယ်အတွင်းရှိ ပြည်သူများတွက် အခြေခံစားသောက်ကုန်များကို သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်‌ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ ဓမ္မာရုံ၌ ရောင်းချပေးခဲ့သည်။

ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်း၍ အိမ်ထောင်စု(၁)စုလျှင် ဆန်(၂)ပြည် ၃၀၀၀ ကျပ်နှုန်း၊ ဆီ(၅၀)ကျပ်သား ၂၅၀၀ကျပ်နှုန်း၊ ကြက်ဥ (၅)လုံး ၈၀၀ ကျပ်နှုန်း၊ ဆား(၅၀)ကျပ်သား ၂၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း အမှတ်(၉၀၅) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ စားသောက်ကုန်နှင့် အဝတ်အထည်များကို လည်း‌ကောင်း သက်သာ‌သော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချနေမှု အ‌ခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့ကြပြီး စုစုပေါင်း ဆန် (၆၀၀)ပြည် ၊ ဆီ (၁၁၀) ပိဿာ ၊ ကြက်ဥ (၂၀၀၀) လုံး၊ ဆား(၁၅၀)ပိဿာနှင့် အခြားစားသောက်ကုန်တို့ကို ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။