Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ရသေ့တောင်မြို့နယ်၌ ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံ
Sep 06,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင်ထိုးနှံပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌စာဖတ်ရှိန်မြှင့်တင်ရေးရွေ့လျားစာကြည့်တိုက် စနစ်ဖြင့်စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေး
Sep 06,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက သာစည်ကျေးရွာ မူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေးဝါးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Sep 06,2022
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်ရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေးဝါးနှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကံ့ကော်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဥာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းသော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေး အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေး လုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ
အပြည့်အစုံ ဖတ်ရန်
နမ္မတူတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓါတ်ပုံပြပွဲ ကျင်းပပြုလုပ်
Sep 06,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ဓါတ်ပုံပြပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီ အချိန်က အမှတ် (၉) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်ကြီးနားမြို့(Community Centre)၌ ဒေသခံတိုင်းရင်းသူများအား သက်မွေးပညာရပ်များ တတ်မြောက်ရေး၊ ၀င်ငွေတိုးပွားရေးအတွက် အခြေခံစက်ချုပ်ပညာသင်တန်း ဖွင့်လှစ်ပေး
Sep 06,2022
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် အိမ်တွင်းမှုပညာ သင်တန်းကျောင်းတို့ ပူးပေါင်း၍ ဒေသခံအမျိုးသမီးများ ဝင်ငွေတိုးပွားရေး၊ အသက်မွေးပညာရပ်များ တတ်မြောက်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်အတွင်း ရပ်ရွာအေးချမ်း သာယာရေးနှင့်ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကျင်းပ
Sep 06,2022
မဟာအောင်မြေမြို့နယ်၊ စစ်ကြောင်းကြီး(၅)ကြောင်းပါဝင် သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ စကြာနွယ်စဉ်ရပ်ကွက်၊ လက်ပံတန်းဓမ္မာရုံ၌ ယမန်နေ့နံနက်ပိုင်းက နယ်မြေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်ဒေသဖွံဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်နေပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့က မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16851
Page
16852
Page
16853
Page
16854
Current page
16855
Page
16856
Page
16857
Page
16858
Page
16859
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department