မင်းလှမြို့နယ်တွင် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP)အရ ရပ်ကွက်/ကျေးရွာ အခြေခံပညာကျောင်းပေါင်းစုံ အသက် ၁၈ နှစ်အောက် ပြေးခုန်ပြစ်ပြိုင်ပွဲကျင်းပ

အထက်မင်းလှ စက်တင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (TSDP)အရ ရပ်ကွက်/ ကျေးရွာအခြေခံပညာကျောင်းပေါင်းစုံ အသက်၁၈နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ  ပြေးခုန်ပြစ်ပြိုင်ပွဲတွင် မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀၊ မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ သံလုံးပြစ်ပြိုင်ပွဲ၊ သံပြားပြစ်ပြိုင်ပွဲ၊ လှံတံပြစ်ပြိုင်ပွဲ၊ အလျားခုန်၊ အမြင့်ခုန်ပြိုင်ပွဲ စသည့်အားကစားနည်း ၉  မျိုးကို အခြေခံပညာကျောင်း (၁၀)ကျောင်းမှ ပြိုင်ပွဲဝင်ကျောင်းသား ၁၆၀ ဦး၊ ကျောင်းသူ ၁၅၂ ဦး၊ စုစုပေါင်း ၃၁၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအသီးသီးတွင် ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများမှ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)