ငပုတောမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး သတိပေးဆိုင်းဘုတ်များစိုက်ထူ

ငပုတော စက်တင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်း‌ရေးအဖွဲ့နှင့် မြို့ဝင်မြို့ထွက် စစ်ရေးဂိတ်တွင် တာဝန်ထမ်းဆောင် သော သက်ဆိုင်ရာဌာနဆိုင်များ ပူးပေါင်း၍ သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ငပုတောမြို့ ယင်းမာလမ်းနှင့် မဂ္ဂင်လမ်းကြားရှိ မြို့ဝင်မြို့ထွက် စစ်ဆေး‌‌ရေးဂိတ်၏ ရှေ့ဘက်နှင့် ယင်းမာလမ်း၏ ဝဲဘက်တွင်လည်‌ကောင်း သတိပေးဆိုင်းဘုတ်စိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတိပေးဆိုင်ဘုတ်တွင် မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များ၊ လမ်းတံတားစစ်ဆေးရေး ဂိတ်များနှင့် ပူပေါင်းစစ်ဆေးရေးဂိတ်မျာသို့ ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီနင်းသူများအား ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပြန်လည်စေလွှတ်ရန်၊ ဆိုင်ကယ်စီးလျှင် အရည်အသွေးပြည့်မီ သည့် ဆိုင်ကယ်စီး ဦးထုပ်ကို မေးသိုင်းကြိုး သေချာစွာတပ်၍ ဆောင်းရမည်။ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းဘဲ၊ ဆိုင်ကယ်စီးနင်းလျှင် အသက်သေဆုံးသည် အထိ အန္တရာယ်ရှိနိုင်သည့် သတိပေးဆိုင်းဘုတ်များ စိုက်ထူခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)