ဘိုကလေးမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 06,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အတူ ဖျာပုံခရိုင် ယာဉ်ထိန်း တပ်ဖွဲ့၊ ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ယမန်နေ့ နံနက်(၁၁)နာရီ အချိန်၌ ဘိုကလေးမြို့အဝင် နတ်ချောင်းစစ်ဆေးရေးဂိတ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။