လဲချား စက်တင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ကာယနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ ကျောင်းသား/သူများအား အသိပညာဗဟုသုတရရှိစေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်စေရန်၊ ကျောင်းစာများအပြင် ကိုယ်ကာယကြံ့ခိုင်စေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်စေရန်အတွက် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် ကျောင်းသား/သူ (၂၈)ဦးတို့မှ ကာယနှင့်ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသူများကို လဲချားမြို့နယ် ဦးစီးအရာရှိမှဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
(လဲချား၊မြို့နယ်/ပြန်ဆက်)