ထန်းတပင်မြို့နယ်တွင် ကိုရီးယားဘာသာ အခြေခံရေးသားနည်းသင်တန်းကို ဖွင့်လှစ်ဆောင်ရွက် 

ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၁၈

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကိုရီးယားဘာသာအခြေခံရေးသားနည်းသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ကလည်းသင်တန်းကို အဆိုပါခန်းမတွင် ဆက်လက်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

သင်တန်းတွင်လည်း သင်တန်းနည်းပြ ဆရာမဒေါ်ဟန်နာဆုက အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၇)ဦးတို့အား ကိုရီးယားဘာသာ အခြေခံရေးသားနည်းများကို သင်ကြားပို့ချပေးလျက်ရှိကြောင်းလည်း သိရသည်။

ကိုရီးယားဘာသာ အခြေခံရေးသားနည်းသင်တန်းကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စက်တင်ဘာလ(၁၀)ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သလို အပတ်စဉ်စနေနေ့နှင့် တနင်္ဂနွေနေ့တိုင်း ရက်သတ္တပတ်သုံးပတ်အကြာ ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်လဲ့လဲ့အေးထံမှ သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)