လူထုအခြေပြုဗဟိုဌာန(Community Centre)တောင်ကြီးသို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးကျာင်းမှ ကျောင်းသား/သူများ လာရောက်လေ့လာ

တောင်ကြီး စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်း ဆိုက်ခေါင်မှ ကျောင်းသား/ကျောင်းသူများသည် ယမန်နေ့ညနေ (၅)နာရီက တောင်ကြီးမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တောင်ကြီးသို့ လာရောက် လေ့လာကြသည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏လုပ်ငန်းများ  လူထုအခြေပြု ဗဟိုဌာန (Community Centre) အဆောက်အဦ တည်ဆောက်ထားမှု အခြေအနေ၊ အထပ်အလိုက် အခန်းဖွဲ့စည်းမှုနှင့် ဝန်ဆောင်မှုပေးနေမှု အခြေအနေ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ဘက်စုံသုံးခန်းမတွင် ရှင်းလင်းပြောကြားသည်။

ထို့နောက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ဆိုက်ခေါင်မှ ကျောင်းသား/ ကျောင်းသူများက အထပ်လိုက် ၀န်ဆောင်ပေးလျက်ရှိသော လုပ်ငန်းများကို ကြည့်ရှု လေ့လာကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ကဏ္ဍအလိုက် လိုက်လံရှင်းလင်း ပြသသည်။

လေ့လာရေးခရီးစဉ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ ဆီဆိုင်မြို့နယ ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးဆရာဖျော်၊ ဆိုက်ခေါင်နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းမှကျောင်းအုပ်ကြီး ဦးခွန်အောင်မာန်တို့က လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်