မင်းဘူး စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ကိုင်းတောလေး ကျေးရွာတွင် ဆိုလာစနစ် ရေသွင်းစိုက်ပျိုးခြင်းဖြင့် အဆင့်မြင့်လယ်ယာမြေ ဖော်ဆောင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ အဆင့်မြင့်လယ်ယာမြေ ဖော်ဆောင် စိုက်ပျိုးခြင်းကို မင်းဘူး(စကု)မြို့နယ် ကိုင်းတောလေး အရှေ့ဘက်ကွင်း၊ ကွင်းအမှတ်(၁၂၈၄) ဒေါ်သန်းသန်းဌေး၏လယ်ယာမြေ (၁၃.၇၃) ဧကပေါ်တွင် စတင်လုပ်ဆောင် စိုက်ပျိုးလျက်ရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုငွေ ၆၀ ဒသမ ၅၀ သန်းဖြင့် အောင်ဇေကုမ္ပဏီက တာဝန်ယူကာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်၍ 7.6 KW ဆိုလာစနစ်ဖြင့် ၄ လက်မခွဲ PVC (၄၀၀) ပေ မြေအောက်ရေတွင်း (၂) တွင်း တူးဖော်ကာ ၈.၉.၂၀၂၂ ခုနှစ်မှ စတင်ဆောက်လုပ်လျက်ရှိရာ ၁၅.၁၁.၂၀၂၂ ခုနှစ်တွင် လုပ်ငန်းများအားလုံး ပြီးစီးသွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)