ရွှေတောင် စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Social Media အသုံးပြုမှုဆိုင်ရာ ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က တိုးတက်ပြောင်းလဲလာသည့် ခေတ်နှင့်အညီ မျိုးဆက်သစ် လူငယ်များသည် Social Media များကို တွင်ကျယ်စွာ အသုံးပြုနေကြသည်ကိုတွေ့ရကြောင်း၊ မြန်မာနိုင်ငံတွင် Facebook ကို အလေးပေး အသုံးပြုခဲ့ကြပြီး ပညာရှင်များက အချိန်အကန့်အသတ်ဖြင့် Social Media ကိုအသုံးပြုရန် သတိပေးကြကြောင်း၊ Social Media များသည် ကောင်းကျိုးများရှိသလို တစ်ဖက်မှာလည်း ဆိုးကျိုးများလည်း ရှိပါကြောင်း၊ လူငယ်များအနေဖြင့် အကျိုးရှိစေမည့် အသိပညာဗဟုသုတများ၊ နည်းပညာများကို မှန်ကန်စွာ ရွေးချယ်လေ့လာအသုံးပြုတတ်စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတွင် Social Media အမျိုးအစားများ၊ အသုံးပြရမည့်နည်းစနစ်များ၊ အသုံးပြုနည်းများ၊ Social Media အသုံးပြုရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ၊ စည်းမျဉ်း စည်းကမ်းများကို လက်တွေ့ပြုလုပ်ဆောင်ရွက်စေလျက် သင်ကြားပေးခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းကို စက်တင်ဘာ (၁၇)မှ (၁၈) ရက်နေ့ထိ နှစ်ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်