လဲချား-ဆီကုန်း-ဝမ်ဝေါင်-နားမန်း-ဟတ်လိလမ်း ကျောက်မှကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

လဲချား ဇန်နဝါရီ ၁၈

သမဝါယမနှင့်‌ကျေးလက်လမ်းဖွံ့ဖြိုးရေးဝန်ကြီးဌာန လဲချားမြို့နယ် ကျေးလမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လဲချား-ဆီကုန်း-ဝမ်ဝေါင်-နားမန်း-ဟတ်လိလမ်း ကျောက်မှကတ္တရာလမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်စစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လဲချားမြို့နယ်‌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ-၁(မြို့ပြ) ဦးအောင်ကိုဦးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အရည်အသွေးထိန်းသိမ်းရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးရာ တင်ဒါအောင်မြင်ခဲ့သည့်ကုမ္ပဏီမှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။

အဆိုပါ လဲချား-ဆီကုန်း-ဝမ်ဝေါင်-နားမန်း-ဟတ်လိလမ်း ကျောက်မှကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းကို ပြည်နယ်ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)