အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အာစရိယပူဇော်ပွဲနှင့် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်း (မိတ္ထီလာ)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အာစရိယပူဇော်ပွဲနှင့် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါကျောင်း အစည်းအဝေးခန်းမတွင်  ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဦးစိန်ကျော်လှိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မေဂျာအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။ ထို့နောက်  ကျောင်းသား၊ ကျောင်းသူများက ကျောင်းအုပ်ကြီး ဦးစိန်ကျော်လှိုင်နှင့် ဆရာ၊ ဆရာများအား ကန်တော့ခဲ့ကြရာ ကျောင်းအုပ်ကြီးနှင့် ဌာနမှူးများက ဆုံးမသြဝါဒများ ပေးခဲ့ကြသည်။ ထို့နောက် ကျောင်းအုပ်ကြီး ဦးစိန်ကျော်လှိူင်က ထူးချွန်ကြသည့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားကို အစိုးရနည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဦးစိန်ကျော်လှိုင်၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)