စလင်းမြို့နယ်တွင် ဒို့မေတ္တာ (အခမဲ့) ကုသိုလ် (၈) မျိုး ကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ ဒုတိယအကြိမ် ကျန်းမာရေးချို့တဲ့ဝေဒနာရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေး 

စလင်း ဇန်နဝါရီ ၁၈

မကွေးတိုင်းဒေသကြီး  မင်းဘူခရိုင်  စလင်းမြို့၊ ပုထိုးဖြူရပ်ကွက် ဒို့မေတ္တာ (အခမဲ့) ကုသိုလ် (၈) မျိုး ကျန်းမာရေးနှင့်နာရေးကူညီမှုအသင်းမှ ၁၃၈၆ ခုနှစ် ပြာသိုလပြည့်ကျော် (၅) ရက် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁၈)ရက် နံနက်ပိုင်းမှ စတင်ကာ နေ့လယ် (၁) နာရီအချိန်အထိ စေတနာရှင် ဆေးဝါးကျွမ်းကျင် ဆရာဝန်များနှင့်ပူးပေါင်းကာ ရပ်ဝေးရပ်နီးမှ ကျန်းမာရေးချို့တဲ့သူ ရဟန်းရှင်လူပြည်သူများအား  ဇန်နဝါရီလ ဒုတိယအကြိမ်အဖြစ် ဆေးကုသပေးလျက်ကြောင်း  သိရသည်။

စလင်းမြို့နယ်  ဒို့မေတ္တာ (အခမဲ့) ကုသိုလ် (၈) မျိုး  ကျန်းမာရေးနှင့် နာရေးကူညီမှုအသင်းအား ဆရာတော် (ဦးပညာသီရီ) မှ ဦးဆောင်ကြီးကြပ်မှုဖြင့် အပတ်စဥ်စနေနေ့တိုင်း (အခမဲ့) စေတနာဆရာဝန် (၄) ဦးနှင့် တိုင်းရင်းဆေးဆရာ (၁) ဦး၊ ဆေးဝါးကျွမ်းကျင်သူ  စေတနာရှင် (၃၀) ဦးတို့မှ စုပေါင်း၍ စလင်းမြို့နယ်အတွင်းနှင့်  ရပ်ဝေးရပ်နီးမှ  ကျန်းမာရေးချို့တဲ့သူ ဝေဒနာရှင်ပြည်သူများအား ဇန်နဝါရီလ ဒုတိယအကြိမ် (စမ်းသပ်စစ်ဆေး၍) စားဆေးသောက်ဆေးများ ပေးဝေ၍ ဆေးကုသပေးလျက်ရှိရာ ဆေးကုသမှုခံယူသူ ကျန်းမာရေးချို့တဲ့သူဝေဒနာရှင် (၃၀၀) ကျော်အား အခမဲ့ဆေးကုသပေးလျက်ရှိပြီး ကုန်သွယ်တူးမြောင်းအုပ်စု ကုမ္မဏီလီမိတက်  ရန်ကုန် မြို့မှ အဟာရဒါနအဖြစ် ဒုတိယအကြိမ်မြောက် ကျွေးမွေးလှူဒါန်းကြောင်း  ဒို့မေတ္တာအခမဲ့ဆေးခန်းမှ  သိရသည်။

မောင်လွင်(စလင်း)