မိုင်းပျဉ်း ဇန်နဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5 သင်ကြားသင်ယူမှု ထိရောက်ရေးအရည်အသွေးမြင့် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ပညာသင်ကြားလျက်ရှိသော Grade-5 ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတကြွယ်ဝစေပြီး အာရုံစူးစိုက်မှုစွမ်းအားနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်လာစေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့် Grade-5 သင်ကြားသင်ယူမှု ထိရောက်ရေးအရည်အသွေးမြင့် ဆွေးနွေးပွဲကို ကျင်းပဆောင်ရွက်ရာ ဒုမြို့နယ်ပညာရေးမှူး ဦးကျော်လွင်က သင်တန်းဆွေးနွေးပွဲ ကြီးကြပ်သူအဖြစ်ဆောင်ရွက်ပြီး၊ နည်းပြ(၆)ဦးတို့က သင်ကြားသင်ယူမှုများ၊ နမူနာမေးခွန်းများ၊ အမှတ်ပေးစည်းမျဉ်းများစသဖြင့် အသေးစိတ်ဆွေးနွေးကြမည်ဖြစ်ပြီး၊ သင်တန်းဆွေးနွေးပွဲကာလမှာ (၁၈-၁-၂၀၂၅) ရက်နေ့မှ (၂၁-၁-၂၀၂၅) ရက်နေ့အထိ (၅)ရက်ကြာ ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာမူလတန်းဆင့် Grade-5 သင်ကြားသင်ယူမှု ထိရောက်ရေး အရည်အသွေးမြင့် ဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာ၊ ဆရာမများ၊ Grade-5 သင်ကြားနေသည့် ဆရာ၊ ဆရာမများ စုစုပေါင်းသင်တန်းသား (၈၀) ဦး တက်ရောက်ဆွေးနွေးကြကြောင်း သတင်းရသည်။
နန်းသန္တာဦး(ပြန်ဆက်)