ကာလိ စက်တင်ဘာလ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက် (၉)နာရီအချိန်ခန့်က လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသား ထားသော လူငယ်ဆိုတာလန်းရမယ်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ထင်ထင်ကျော်က လိပ်ပြာသန့်တဲ့ အောင်မြင်မှု ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပေးပြီး တက်ရောက်လာကြသည့် စာဖတ်ပရိသတ်များမှ မောင်ကျော်လင်းသန်းက အဆိုးအကောင်း ပြောင်းလဲခြင်း၊ မောင်ဇော်မိုးခိုင်က ဘဝဆိုတာ ကိုယ်ဖန်တီးတဲ့အရာ၊ မအိမ်သဲငုံက တန်ဖိုးရှိသောလူငယ်များ၊ မထက်ထက်ဝေက ဗဟုသုတက တန်ဖိုးအစရှိသည့် အခေါင်းစဉ်များ တို့ဖြင့် ဆွေးနွေးပေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် စာဖတ် ပရိသတ်ကျောင်းသား/သူလူငယ်များ စုစုပေါင်းအင်အား (၂၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကာလိ(ပြန်/ဆက်)