သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jul 28,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ဆက်တိုက် ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ် အထက်ရှိပြီး၊ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံခြင်း ၆ လပြည့်ပြီးသည့် မြို့နယ်နေ ပြည်သူများအား ယနေ့နံနက် ၉ နာရီမှစ၍ ခနောင်တိုအနောက် ရပ်ကွက်ရှိ မင်္ဂလာမဟာ ဝိသုတာရာမကျောင်းတိုက်တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ပဲခူးမြို့နယ်အတွင်း မဲစာရင်းမှန်ကန်ရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)ပါ အချက်အလက်များအား သတ်မှတ်ရက်ထက် စောလျင်စွာပြီးစီးနိုင်ရေး ဖြည့်သွင်းဆောင်ရွက်နေမှု ကြည့်ရှုစစ်‌ဆေး
Jul 28,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပဲခူးမြို့နယ်အတွင်းရှိ နေရာ(၃)နေရာ၌ မြို့နယ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားများအားလုံးအတွက် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရန် မဲစာရင်းမှန်ကန်ရေးအတွက် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆)ပါ အချက်အလက်များအား ကွန်ပျူတာအလုံး (၆၀)ဖြင့် သတ်မှတ်ရက်ထက် စောလျင်စွာပြီးစီးနိုင်ရေး နေ့ဆိုင်း/ညဆိုင်းအဖွဲ့ခွဲ၍ ဖြည့်သွင်း ဆောင်ရွက်နေခြင်းကို ယနေ့နံနက်ပိုင်းက ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်နှင့်အတူ လိုက်လံကြည့်ရှုခဲ့ကြသည်။
သိန္နီမြို့နယ်တွင် ရှမ်းခေါက်ဆွဲ တစ်နိုင်တစ်ပိုင်ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Jul 28,2022
ရှမ်းခေါက်ဆွဲကို ရှမ်းပြည်နယ်အတွင်း၌သာမကမြန်မာနိုင်ငံ၏ မြို့ကြီးများရှိ စားသောက်ဆိုင်များတွင် ရိုးရာအစားအစာအဖြစ် ရောင်းချလျက်ရှိရာ ရှမ်းခေါက်ဆွဲကိုရေရှည်စားသုံးရန်အတွက် ရှမ်းခေါက်ဆွဲအခြောက်နှင့် အစိုနှစ်မျိုးပြုလုပ်ပြီး ရောင်းချလျက်ရှိရာတွင်ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊
တနင်္သာရီမြို့နယ် Community Centre တွင် ကျောင်းသူ/သားများ ပျော်ရွှင်စေရေး ပြိုင်ပွဲများ ပြုလုပ်ပေး
Jul 28,2022
တနင်္သာရီတိုင်ဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသူ/သားများအနေဖြင့် ဝါတွင်းကာလ အဖိတ်၊ ဥပုသ်ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိနှင့် စိတ်အပန်းဖြေ ပျော်ရွင်စွာ စာပေဗဟုသုတများကို လေ့လာနိုင်ရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက ပြိုင်ပွဲနှင့်ကစားပွဲများကို လေ့ကျင့်ပြုလုပ်ပေးကြသည်။
တနင်္သာရီမြို့၌ အရေးပေါ်လူနာများအသုံးပြုနိုင်မည့် Oxygen Plant များထားရှိရန် အောက်ဆီဂျင်စက်ရုံဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး
Jul 28,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ ရေးလုပ်ငန်းများနှင့် အရေးပေါ်လူနာများအတွက် အလွယ်တကူအသုံးပြုနိုင်မည့် Oxygen Plant များထားရှိရန် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းနှင့် လျှပ်စစ်မီးသွယ်တန်းရေး အတွက် တိုင်းဒေသကြီးလမ်းဦးစီးဌာနနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့က တာဝန်ယူ၍ မတ်လ (ဒုတိယ) အပတ်မှစ၍ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိရာ ဇူလိုင်လ ၂၁ ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရှိရသည်။
ဒိုက်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များအား Software အသုံးပြု၍ ရေးသွင်း
Jul 28,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၇ နာရီအချိန် က အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ နည်းပညာအသုံးပြု၍ ကွန်ပျူတာအတွင်း ရိုက်သွင်းခြင်းနှင့် Software Program အတွင်းသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
လားရှိုးမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား အသည်းရောင်အသားဝါ (ဘီ)ပိုးကာကွယ်ဆေးထိုးနှံပေး
Jul 28,2022
လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အသည်းရောင်အသားဝါ (ဘီ)ပိုးကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန်က ထိုးနှံပေးနေကြောင်း သိရသည်။
တောင်ငူတက္ကသိုလ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 28,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူတက္ကသိုလ်တွင် ၂၀၂၂- ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား ယနေ့နံနက်ပိုင်းက တောင်ငူတက္ကသိုလ်ဝင်းအတွင်း ကျင်းပရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ စီမံရေးရာ အရာထမ်း/အမှုထမ်းများက စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။