ကျောက်ဆည်မြို့နယ် သမန္တလင်းကျေးရွာတွင် နှမ်းရိုးသဘာဝမြေဆွေးများ လက်တွေ့ပြုလုပ်

ကျောက်ဆည် စက်တင်ဘာ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်ပြီး၊ ဓာတုဓာတ်ကြွင်းကင်းသည့် ဆန်စပါးများထွက်ရှိစေရေးအတွက် ယနေ့နံနက် () နာရီခွဲက သမန္တလင်း ကျေးရွာမှ တောင်သူဦးဇော်လင်းမောင်စိုက်ပျိုးထားသော စပါးစိုက်ခင်းများတွင် အသုံးပြုရန်အတွက် နှမ်းရိုးသဘာဝမြေဆွေးများ လက်တွေ့ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

နှမ်းရိုးသဘာဝမြေဆွေး ပြုလုပ်ရာတွင် တောင်သူများ လက်တွေ့သိရှိအသုံးပြုနိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းတာဝန်ခံများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့် အလျား () ပေ၊ အနံ()၊ အမြင့်()ပေရှိ သဘာဝမြေဆွေးများပြုလုပ်ခဲ့ရာ နှမ်းရိုး၊ ဖွဲနု၊ အသင့်သုံး (EM) အရည်နှင့် ဖုံးအုပ်ရာတွင် အသုံးပြုရန်အတွက် ပလပ်စတစ်အပါးစများ၊ အကာအရံအတွက် ဝါးကပ်ကြမ်းနှင့် ဝါးတိုင်များ အသုံးပြုခဲ့ကြောင်း၊ စတင်ပြုလုပ်ပြီး (၁၄) ရက်အကြာတွင် သဘာဝ မြေဆွေးအဖြစ် စတင်အသုံးပြုနိုင်ကြောင်းသိရှိရကာ စပါးတစ်ဧအတွက် နှမ်းရိုး သဘာဝမြေဆွေး () ပုံပြုလုပ်ရကြောင်း သိရှိရသည်။

အဘာဝမြေဆွေးပြုလုပ်ရာတွင် တိရိစ္ဆာများ၏ အညစ်အကြေးများ၊ စွန့်ပစ်အသီး၊ အရွက်၊ အရိုးစသည် တို့ဖြင့် ပြုလုပ်နိုင်ပြီး အလျား()ပေ၊ အနံ()ပေ၊ အမြင့်()ပေရှိ အရည်အသွေးပြည့် နွားချေး သဘာဝမြေဆွေး ပြုလုပ်မည်ဆိုပါက ဝါးကပ်ကြမ်းအတွက် ငွေကျပ် (၅,၀၀၀) ဝါးတိုင်အတွက် ငွေကျပ်(၆,၀၀၀) နွားချေးအတွက် ငွေကျပ်(၆,၀၀၀) ဖွဲနုအတွက် ငွေကျပ်(၁၄,၀၀၀) ပလတ်စတစ် အတွက် ငွေကျပ်(၇,၅၀၀) အသင့်သုံး(EM)အတွက် ငွေကျပ်(၆,၀၀၀) စုစုပေါင်းငွေကျပ်(၄၄,၅၀၀)ကျပ် ကုန်ကျကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)