ကျိုက်ထိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Pfizer)ထပ်ဆောင်းထိုးနှံ‌ပေးခြင်း ဆောင်ရွက်

ကျိုက်ထို ဇန်နဝါရီ ၂

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ကူးစက် မြန်ရောဂါပြန့်ပွားမရှိစေရေးအတွက် (Pfizer)အမျိုးအစားကိုဗစ် - ၁၉ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက်ပိုင်းက စတင်ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်မောင်အိုးနှင့် ကျန်းမာရေးဝန်ထမ်းများက (Pfizer) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်များနှင့်အညီ ထပ်ဆောင်းထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)