ကံမ ဇန်နဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ယနေ့နံနက်(၁၀)နာရီက အငြိမ်းစားဝန်ထမ်းများအတွက် ပြည့် ဆီအရောင်းဆိုင်က စားအုန်းဆီများ ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာ့စီးပွားရေးဘဏ်တို့မှ တာဝန်ခံအရာရှိနှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ စားအုန်းဆီများကို ချိုသာသောဈေးနှုန်းဖြင့် ရောင်းချရာတွင် အငြိမ်းစားဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီ(၅၀)ကျပ်သား(ဆီဘူးခွံအပါ) ၄၄၀၀ ကျပ်ဖြင့် ဆီပိဿာချိန် (၂၀၀)အား ရောင်းချပေးခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)