မိုင်းနောင် ဇန်နဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ အခြေခံပညာမူလတန်းကျောင်း(ခွဲ) လွယ်စန့်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ (၁၉) ရက်နေ့ နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လွယ်စန့်ကျေးရွာအုပ်ချုပ်ရေးမှူး ပေါ်လုံမှ အဖွင့်အမှာစကားပြောကြား၍ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့သည်။ ဆက်လက်၍ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပနိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးသော ရပ်မိ၊ ရပ်ဖများ၊ ကျောင်းသားမိဘများနှင့် ကြွရောက်ချီးမြှင့် ပေးကြသော ဧည့်သည်တော်များကို ဆရာမတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်သို့ တက်ရောက်လာကြသော ဧည့်သည်တော်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက မြို့နယ်အဆင့်နှင့်ကျောင်းအဆင့် ပြိုင်ပွဲများတွင် စာပေနှင့်အားကစားတွင် ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မိုးသောက် (မိုင်းနောင်)