မက်မန်းမြို့၌ “Al နှင့် ခေတ်သစ်ကမ္ဘာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မက်မန်း ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအား နည်းပညာများ တိုးတက်လာသည်နှင့်အမျှ Al နည်းပညာအကြောင်း သိကောင်းစေရန်အတွက် “Al နှင့် ခေတ်သစ်ကမ္ဘာ” စာအုပ်ဖြင့် ဝန်ထမ်းစာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက ဝန်ထမ်းများအနေဖြင့် Al နည်းပညာများအကြောင်းကို နားလည်သဘောပေါက်တတ်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ “Al နှင့် ခေတ်သစ်ကမ္ဘာ” စာအုပ်ပါအကြောင်းအရာများကို သေချာစွာလေ့လာ ဖတ်ရှုခြင်းဖြင့် Al အသုံးဝင်ပုံများကို သိရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်လေးလေက “ Al နှင့် ခေတ်သစ်ကမ္ဘာ ”စာအုပ်ပါ AI သမိုင်း ကြောင်းနှင့် ဆင့်ကဲပြောင်းလဲလာမှုဖြစ်စဉ်၊ Genertive AI ၏လုပ်ဆောင်မှုပုံစံ၊ AI ကိုစတင် လေ့လာမှုနယ်ပယ် ၂ ရပ်၊ AI ၏ လုပ်ဆောင်မှုပုံစံများအားလေ့လာခြင်း စသည့်ခေါင်းစဉ်များကို ဖတ်ရှုဆွေးနွေးခဲ့ပြီ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခင်စန်းမြင့်က AI အသုံးပြုနယ်ပယ်များ၊ AI နှင့် မီဒီယာ သတင်းအချက်အလက်ကဏ္ဍ၊ AI နှင့်လူမှုကွန်ရက်ကဏ္ဍ၊ AI နှင့်ပညာရေးကဏ္ဍာများကို ဖတ်ရှုဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး လက်ထောက်ညွှန်ကြားရေးမှူးမှ AI အသုံးပြုသူများ စောင့်ထိန်းလိုက်နာရမည့် ဒစ်ဂျစ်တယ်ကျင့်ဝတ်များ၊ AI ကျင့်ဝတ်မူဘောင်၊ အနာဂတ် AI လားရာများကို ရှင်းလင်းဆွေးနွေးကာ ရုပ်သံကျွမ်းကျင်-၃(ပြ) ဒေါ်နာချီ၊ အငယ်တန်းစာရေး ဒေါနာချီ၊ လုပ်သားရုပ်သံ ဦးအောင်ဇေယျာထွန်း၊ ရုံးအကူ ဒေါ်ဖြူဖြူခိုင်တို့က သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အေဇက်ထွန်း(မက်မန်း)