သတင်းများ

ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာကာကွယ်နိုင်ရေးအတွက် မျက်နှာနှင့်နှာခေါင်းစည်း (Mask) များနှင့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Sep 20,2022
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါနှင့် မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးတို့ ကူးစက်ခံရခြင်းမှ ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် မျက်နှာနှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းများအား ယနေ့နံနက် ၈ နာရီအချိန်မှစတင်ကာ ဒေါပုံမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် တာဝန်ရှိသူများက သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြင်းခြံခရိုင် သစ်တောဦးစီးဌာန လေလံတင်ရောင်းချရေးကော်မတီမှ သစ်နှင့်သစ်ခွဲသားများအား လေလံတင်ရောင်းချသွားမည်
Sep 20,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် သစ်တောဦးစီးဌာန လေလံတင်ရောင်းချရေးကော်မတီမှ သစ်နှင့်သစ်ခွဲသားများအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျုံပျော်တွင် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း မျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက  တောင်သူများ နည်းစနစ်တကျ စပါးမျိုးသန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ခေတ်မီစိုက်ပျိုးနည်းစနစ်ကို ပိုမိုအသုံးပြုနိုင်‌ရေး ရည်ရွယ်၍  မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း မျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြပွဲကို မြေရဲတောင်ကွင်းရှိ တောင်သူ ဦးတင်ရှိန်၏  မှော်ဘီ(၃) မျိုးစေ့ထုတ် စိုက်ခင်း အတွင်း၌ ယနေ့ နံနက် ၇ နာရီခွဲက  ကျင်းပပြုလုပ်သည်။
နယ်လှည့်မိုလ်ဘိုင်းနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဓာတ်ပုံပြပွဲကွင်းဆင်းဆောင်ရွက်
Sep 20,2022
တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) ကျောင်းတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က အပတ်စဉ် နယ်လှည့် မိုလ်ဘိုင်းနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဓာတ်ပုံပြပွဲအား ဆောင်ရွက်ခဲ့သည်။
ငပုတောမြို့နယ်တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေးအတွက် စစ်‌ဆေးဆောင်ရွက်
Sep 20,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အတွက်စစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၈)နာရီအချိန်က လူစည်ကားရာ နေရာဖြစ်သည့် မြို့ဝင်ဂိတ်နှင့်အုန်းပင်စု-သက္ကယ်​ချောင်းလမ်းဆုံတို့တွင်အဖွဲ့ (၂ )ဖွဲ့ခွဲ၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေလေလွင့်ဆုံးရှုံးမှုမရှိစေရေး ကောင်းမွန်ပြီးအချက်အလက်အထောက် အထားပြည့်စုံသည့် လုပ်ငန်းစီမံကိန်းများဖြစ်ဖို့လို
Sep 20,2022
ကရင်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့်နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များရေးဆွဲအဆိုပြုခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂) ၌ ကျင်းပခဲ့သည်။
မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အအေးမိ တုပ်ကွေးဖျားနှင့်လိုအပ်သောအာဟာရ ခေါင်းစဉ်ဖြင့် Talk Show ဆောင်ရွက်
Sep 20,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့ နံနက် (၁၀:၀၀) နာရီအချိန်က ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၁၅)စာစောင်မှ စာရေးဆရာ ဒေါက်တာလွင်သန့်ရေးသားသည့် “အအေးမိတုပ်ကွေးဖျားနှင့် လိုအပ်သော အာဟာရ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
တောင်ငူမြို့၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) များ ဆက်လက်ထိုးနှံပေးခြင်းကို မြို့နယ်စီမံအဖွဲ့က လှည့်လည်ကြည့်ရှုအားပေး
Sep 20,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ကာကွယ်နိုင်ရေးအတွက် ဆေးထိုးစုရပ်(၁၀)နေရာ၌ ကာကွယ်ဆေးများကို နေ့စဥ်စနစ်တကျထိုးနှံပေးလျက်ရှိရာ ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့က လှည့်လည်ကြည့်ရှုအားပေး၍ အခက်အခဲများကို ကူညီဖြေရှင်းပေးပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။