နယ်လှည့်မိုလ်ဘိုင်းနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဓာတ်ပုံပြပွဲကွင်းဆင်းဆောင်ရွက်

ပြည်ကြီးမဏ္ဍိုင် စက်တင်ဘာ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့၊ အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) ကျောင်းတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က အပတ်စဉ် နယ်လှည့် မိုလ်ဘိုင်းနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဓာတ်ပုံပြပွဲအား ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဓါတ်ပုံပြပွဲတွင် လူကုန်ကူးမှု၏ သဘောသဘာဝ၊ လူကုန်ကူးမှု၏ ရည်ရွယ်ချက်၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးသူများက ခေါင်းပုံဖြတ်ခြင်းများ၊ လူကုန်ကူးခံရမှုကြောင့် ရရှိနိုင်သော ဆိုးကျိုးများ၊ နိုင်ငံအပေါ် ထိခိုက်စေသော ဆိုးကျိုးများ၊ လူကုန်ကူးပါက ကြီးလေးသော ထောင်ဒဏ်များ ကျခံရနိုင်ပါသည် စသည့်အသိပညာပေးချက်များအား ပြသထားရာ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြသည်။

ထို့နောက် ကျောင်းသား/သူများ ငှားရမ်းထားသည့် စာအုပ်စာစောင်များအား ပြန်လည်သိမ်းဆည်း၍ စာအုပ်စာစောင်အသစ်များ ပြန်လည်ငှားရမ်းပေးခြင်းနှင့် Grade-5 မှ ကျောင်းသား/ ကျောင်းသူ များအား အချိန်()နာရီပေးကာ စာအုပ်များဖတ်ရှုစေခြင်းအား ဆောင်ရွက်ခဲ့သည်။

ကေခိုင်ဝင်း (ပြန်/ဆက်)