မြင်းခြံ စက်တင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် သစ်တောဦးစီးဌာန လေလံတင်ရောင်းချရေးကော်မတီမှ သစ်နှင့်သစ်ခွဲသားများအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“မြင်းခြံခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံးတွင် ပုံစံ (၈) ဝင် သစ်နှင့်သစ်ခွဲသားများ၊ ဆက်စပ်ပစ္စည်းများအား မျက်မြင်အခြေအနေတိုင်း ၂၀၂၂ ခုနှစ် အောက်တိုဘာ လ ၁၀ ရက်နေ့တွင် လေလံတင်ရောင်းချသွားမည်ဖြစ်ပါတယ်” ဟု လေလံတင်ရောင်းချရေး ကော်မတီထံမှ သိရသည်။
လေလံတင်ရောင်းချမည့် သစ်နှင့်သစ်ခွဲသားများ ဆက်စပ်ပစ္စည်းများ အသေးစိတ်သိရှိလိုပါက လက်ထောက်ညွှန်ကြားရေးမှူးရုံး ဖုန်းနံပါတ်များဖြစ်သည့် ၀၉-၄၄၂၀၇၉၇၇၇၊ ၀၉-၄၀၂၆၈၉၂၉၆ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)