Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ဒက္ခိဏသီရိမြို့နယ်တွင် တောင်သူများအား သဘာဝမြေဆွေးပြုလုပ်သုံးစွဲနည်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁:၃) အချိုးကျ ပေါင်းစပ်သုံးစွဲနည်း သင်တန်းပေး
Sep 21,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကျွန်းတက်ပဲ့ ကျေးရွာအုပ်စု၊ ဆည်စုကျေးရွာအတွင်းရှိ တောင်သူများအား သဘာဝမြေဆွေး ပြုလုပ်သုံးစွဲနည်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ (၁:၃) အချိုးကျ ပေါင်းစပ်သုံးစွဲနည်း သင်တန်းပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏အားကစားကဏ္ဍ မြှင့်တင်နိုင်ရေး အားကစားနည်းအလိုက် အားနည်းချက်/အားသာချက်များအပေါ် တာဝန်ရှိသူများနှင့် သုံးသပ်ညှိနှိုင်းဆွေးနွေး
Sep 21,2022
ကချင်ပြည်နယ်၏ အားကစားကဏ္ဍ တိုးတက်မြှင့်မားစေရေးအတွက် အောင်မြင်ခဲ့သည့် အားကစားနည်းများကို ဆက်လက် ထိန်းသိမ်းနိုင်ရေးနှင့် အောင်မြင်မှုမရရှိသေးသည့် အားကစားနည်းများ၏ အားသာချက်/အားနည်းချက်များကို သုံးသပ်ဆွေးနွေး၍ အောင်မြင်မှု ရရှိရေးအတွက် စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ နှင့်ပြည်နယ်အတွင်းရှိ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်းများ၊ အားကစားဆပ် ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့တွင် မဲဆန္ဒစာရင်းမှန်ကန်စေရေးအတွက် ရွေးကော်၊ ထွေအုပ်၊ လဝကတို့မှ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ ညှိနှိုင်းအစည်းအဝေးပြုလုပ်
Sep 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ခရိုင်/မြို့နယ် စုပေါင်ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လည် ၁ နာရီအချိန်က မဲဆန္ဒစာရင်းမှန်ကန်စေရေးအတွက် ရွေးကော်၊ ထွေအုပ်၊ လဝကတို့မှ ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာလေမြို့၌ အမှိုက်များကိုစနစ်တကျစွန့်ပစ်ရေးနှင့်သန့်ရှင်းသာယာရေး စက်ယန္တရားများဖြင့် ရှင်းလင်းဖယ်ရှား
Sep 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့၌ မြို့အဝင်အထွက်နှင့် မြို့တွင်းလမ်းဘေးဝဲယာများ သန့်ရှင်းသပ်ရပ်စေရေးအတွက် အမှိုက်သရိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းများမပြုလုပ်စေရေး၊ သတ်မှတ်နေရာများတွင်သာ စွန့်ပစ်စေရေးနှင့် အမှိုက်များကို စက်ယန္တရားဖြင့်
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့ ပုံသိမ်-မုံရွာလမ်းမပေါ်၌ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ကြပ်မတ် စစ်ဆေးခြင်းဆောင်ရွက်
Sep 21,2022
ငါးသိုင်းချောင်းမြို့ လက်ပံပင်ကျေးရွာအုပ်စု ပုသိမ်-မုံရွာ ကားလမ်းမပေါ်၌ ယာဉ်များအား ပိတ်ဆို့ရှာဖွေခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိရှိလိုက်နာမှုရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့နံနက် (၈)နာရီ အချိန်က ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့နယ်၊ သိမ်ကုန်းကျေးရွာရှိ အခြေခံအိမ်ထောင်စု (၁၅၆)စုအား စားသောက်ကုန်များ ဈေးနှုန်းချိုစွာဖြင့် ဖြန့်ဖြူးရောင်းချ
Sep 21,2022
အခြေခံစားကုန်များ ဈေးနှုန်းချိုသာစွာ ရရှိစေရန်နှင့် ကျေးရွာပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် သိမ်ကုန်းကျေးရွာရှိ အခြေခံအိမ်ထောင်စု (၁၅၆)စုအား စားသောက်ကုန်များ ဈေးနှုန်းချိုစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Sep 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ခိုစုံ-ကောင်းဟတ်-ပြင်ဦး မြေသားလမ်းဖောက်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၁၁) နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်တွင် ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းသို့ အရေးပေါ်ကား (၁)စီး ပေးအပ်လှူဒါန်း
Sep 21,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ရေလဲနှဲကောကျေးရွာအုပ်စုအတွင်းရှိ ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းသို့ အရေးပေါ်ကား (၁)စီး ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ရေလဲတောင်စုဓမ္မာရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
16700
Page
16701
Page
16702
Page
16703
Current page
16704
Page
16705
Page
16706
Page
16707
Page
16708
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department