တောင်ငူ စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ကာကွယ်နိုင်ရေးအတွက် ဆေးထိုးစုရပ်(၁၀)နေရာ၌ ကာကွယ်ဆေးများကို နေ့စဥ်စနစ်တကျထိုးနှံပေးလျက်ရှိရာ ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့က လှည့်လည်ကြည့်ရှုအားပေး၍ အခက်အခဲများကို ကူညီဖြေရှင်းပေးပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောင်ငူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနက ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း ကာကွယ်နိုင်ရေးအတွက် ဒေသခံပြည်သူများအား ကာကွယ်ဆေးများ စဉ်ဆက်မပြတ်ထိုးနှံပေးခြင်း၊ ဌာနဆိုင်ရာများနှင့် ပရဟိတအဖွဲ့များက အသိပညာပေး နှိုးဆော်ခြင်းများ၊ Mask Campaign များ ဆောင်ရွက်ခြင်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်နေကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်