သတင်းများ

တောင်တွင်းကြီးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများကို ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေး
Jul 07,2022
မကွေးတိုင်းဒေသကြီး၊‌ တောင်တွင်းကြီးမြို့နယ် အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့များခွဲပြီး  ယနေ့ နံနက်(၉)နာရီက စတင်၍ ဒုတိယအကြိမ် ကာကွယ်ဆေးများ ကွင်းဆင်း ထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပလောက်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပ
Jul 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဂွမြို့နယ်၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ Cash For Work စီမံကိန်း ကျေးရွာများ ရွေးချယ်ခြင်းကျင်းပ
Jul 07,2022
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၌ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊ မြစိမ်းရောင်စီမံကိန်း၊ Cash For Work စီမံကိန်း ကျေးရွာများ ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင်  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့၌ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေးစွမ်းရည်မြှင့်သင်တန်း( ၁/၂၀၂၂ ) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jul 07,2022
ရှမ်းပြည်နယ်(​မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မူဆယ်ခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး စွမ်းရည်မြှင့်သင်တန်း(၁/၂၀၂၂)ကို ၄.၇.၂၀၂၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မူဆယ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်လံခရိုင်အုပ်ချုပ်ရေးမှူးမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ မိတ်ဆက်
Jul 07,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံမိတ်ဆက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။
ပဲခူးမြို့တွင် “ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်နိုင်ရေး” အသိပညာပေးဟောပြောပွဲကျင်းပ
Jul 07,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့၊ အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်းရှိ သီရိပညာခန်းမ၌ “ကလေးသူငယ်အခွင့်အရေးကိုယ်တိုင်သိရှိနားလည်နိုင်ရေး” အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်၌ “အမျိူးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး” Talk Show ကျင်းပ
Jul 07,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက “အမျိူးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး အသိပညာပေး”Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် ဌာနဆိုင်ရာများ စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရေးအတွက် အစည်းအဝေးပြုလုပ်
Jul 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ စုပေါင်းကာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမှုအတွက် ယနေ့နံနက်(၁၁)အချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။