သတင်းများ

ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းများဆောင်ရွက်
Sep 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲအိုမီခရွန် (Omicron) ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်တာဝန်ရှိသူများ ပူးပေါင်းကာ နှာခေါင်စည်းတပ်ဆင်သွားလာစေရေး လှုပ်ရှားဆောင်ရွက်မှုများနှင့် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို လူအသွားအလာများပြားသည့်နေရာတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေး Talk Show ပြုလုပ်
Sep 20,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝေါမြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပ
Sep 20,2022
ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ က ပဲခူးခရိုင်၊ ဝေါမြို့အခြေခံပညာအထက်တန်းကျောင်း သီရိဇေယျာခန်းမ၌ ကျင်းပခဲ့သည်။
ကျောက်ကြီးမြို့နယ်၌ အသက်(၁၂)အောက် ကျောင်းသား ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးနှံ
Sep 20,2022
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အထက(ခွဲ) ပဲခူးရပ်ကျောင်း၌ ယနေ့နံနက် ၉ နာရီတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)အောက် ကျောင်းသား ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနှံလျှက်ရှိကြောင်း သိရသည်။
ရွှေကျင်မြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးဘိုးဘွား(၉၁)ဦးအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်
Sep 20,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် နိုင်ငံတော်အစိုးရမှ သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးတိုးတက်စေရန်နှင့် သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကို မြှင့်တင်ရန်ရည်ရွယ်၍ နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမူရေး ထောက်ပံ့ငွေများကို ယနေ့မွန်းလွဲ (၂)နာရီ က မြို့ပေါ်(၈) ရပ်ကွက်ရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၉၁)ဦးတို့အား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့သည်။
ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး စကားဝိုင်းဆွေးနွေး
Sep 20,2022
ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး အစိုးရနှင့်ပုဂ္ဂလိက တွေ့ဆုံစကားဝိုင်း ဆွေးနွေးခြင်းကို စက်တင်ဘာ(၂၀)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းရုံး၌ ကျင်းပသည်။
ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်  စာဖတ်ဝိုင်းကျင်းပ
Sep 20,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာမြင်းခြံ ကျော်အောင်(ခ)သန်းထက်စံရေးသားသည့် ကြီးပွားအောင်မြင်အောင်ပန်းဆင် စာအုပ်အား ယနေ့မွန်းလွဲ (၁)နာရီက စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းများ ပထမအကြိမ်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်
Sep 20,2022
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းများ ပထမအကြိမ် စစ်ဆေးခြင်းလုပ်ငန်းများ ယနေ့နံနက်ပိုင်းမှစတင်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒက္ခိဏသီရိမြို့နယ်ရုံး၌ ဆောင်ရွက်ခဲ့သည်။