မန်တုံ စက်တင်ဘာ (၂၀)
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ယနေ့ နံနက် (၁၀:၀၀) နာရီအချိန်က ဒို့ကျေးရွာဂျာနယ် အတွဲ(၁၉)၊ အမှတ်(၁၅)စာစောင်မှ စာရေးဆရာ ဒေါက်တာလွင်သန့်ရေးသားသည့် “အအေးမိတုပ်ကွေးဖျားနှင့် လိုအပ်သော အာဟာရ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Showတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်ဟာ မိုးတွင်းကာလမှာအဖြစ်များလာကြောင်း၊ ဖြစ်ပေါ်လာတဲ့ တုပ်ကွေးဗိုင်းရပ်(A/H1N1)ပေါ်မူတည်၍ နှစ်စဉ်တုပ်ကွေး ကာကွယ်ဆေးတီထွင် ထုတ်လုပ်ကာ နှစ်စဉ်ထိုးနှံဖို့လိုအပ်ကြောင်း၊ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်ပိုးက အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် ကူးစက်တာကြောင့် လူထုထပ်တဲ့နေရာသွားရင်၊ အလုပ်လုပ် ကိုင်ရရင်၊ ကိုယ်ခံအားနည်းချိန်နဲ့ ကြုံကြိုက်တဲ့အခါ တုပ်ကွေးဗိုင်းရပ် အလွယ်တကူ ကူးစက်နိုင်ကြောင်း၊ ဗိုင်းရပ်ပိုးကူးစက်ခံရပြီး တုပ်ကွေးဖြစ်တဲ့အခါ ခံစားရတဲ့ ရောဂါလက္ခဏာတွေကို သက်သာစေဖို့ အာဟာရဓာတ်တွေ ဖြည့်ဆည်းဖို့လိုအပ်ကြောင်း၊ ဒေါ်လွေးအေးတင် (ဒုတိယဦးစီးမှူး)က ဗီတာမင်စီက အအေးမိတုပ်ကွေး လက္ခဏာတွေကို သက်သာစေဖို့ အာဟာရဓာတ်တွေ ဖြည့်ဆည်းဖို့လိုအပ်ကြောင်း၊ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးရင် ခန္ဓာကိုယ်ခုခံစွမ်းအားမြင့်မားပြီး ပိုးမွှားတွေ ဝင်ရောက် ကူးစက်မှုမရှိအောင် တားမြစ်ပေးကြောင်း၊ ဗီတာမင်စိကြွယ်ဝတဲ့အစာတွေက အချဉ်ဓာတ် ပါတဲ့ သံပုရာသီး၊ ရှောက်သီး၊ ချဉ်ပေါင်၊ ကင်ပွန်းတို့ဖြစ်ပါတယ်။ ဗီတာမင်ဒီကလည်း အအေးမိတုပ်ကွေးလက္ခဏာတွေ သက်သာစေပါတယ်။ မနက်ခင်း နေရောင်ခြည်နဲ့ ထိတွေ့တာ၊ ဗီတာမင်ဒီဖြည့်စွက်အစာတွေ စားသုံးတာ၊ ပင်လယ်ငါး စတာတွေ စားသုံးတာ ကနေ ဗီတာမင်ဒီကိုရယူနိုင်ကြောင်း၊ ကိုယ့်အိမ်မှာ မိသားစုဝင်တစ်ယောက်ကစပြီး တုပ်ကွေးဖြစ်ပြီဆိုရင် တစ်မိသားစုလုံး ကူးစက်နိုင်ခြေရှိလို့အပြင်ကို သွားလာနေသူတွေ အနေနဲ့ ရုံးသွား၊ ကျောင်းသွား၊ ဘတ်စကားစီးသူ၊ စျေးဝယ်သွားသူအနေနဲ့ အထူးပဲ ဂရုစိုက်ကြဖို့ လိုအပ်ပါကြောင်း အစရှိသည့် စာပိုဒ်ပါအကြောင်းအရာအားလည်းကောင်း ဖတ်ကြားပြီး ကျန်အဖွဲ့ဝင်များမှ ဇင့်ဓာတ်ဟာ အအေးမိတုပ်ကွေးရောဂါ သက်သာပျောက် အောင် ကူညီပေးကြောင်း၊ အိမ်တွင်းတုပ်ကွေး ကူးစက်မှုနည်းအောင်နေထိုင်ဖို့ လိုအပ် ကြောင်း၊ ပြင်သစ်ထုတ်ကို နှစ်စဉ်ထိုးနှံသင့်ကြောင်း အစရှိသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့သည်။
မန်တုံ ပြန်/ဆက်